top of page
Search

PEACH (မက်မွန်သီး)

  • Writer: MooN
    MooN
  • Mar 17, 2019
  • 1 min read

မက်မွန်သီးလေးကို MooN တို့ငယ်ငယ်တုန်းကဆို ဝူခုန်း နတ်ပြည်တက်ပြီး ခိုးစားတဲ့ အသီးလို့ပဲ သိထားတာ😅။ အအေးပိုင်းဒေသတွေမှာပေါက်တော့ MooN တို့ ရန်ကုန်ဖက်မှာ ရှားတယ်လေ။ စားဖူးသွားတဲ့အချိန်မှာလဲ သူ့ရဲ့ ချိုဆိမ့်နေတဲ့ အရသာလေးကြောင့်ရယ်၊ အနံ့ရတာနဲ့ ကိုက်စားချင်လောက်အောင် ချိုမွှေးပီး သင်းနေတဲ့ အနံ့လေးကြောင့်ရယ်၊ ပြီးတော့ ကတ္တီပါသားလေးလို အိပီး နူးညံ့နေတဲ့ သူ့ရဲ့ အခွံလေးကြောင့်ရယ် အရမ်းကို စွဲလန်းသွားခဲ့တာ။ ဒါကြောင့် သူရဲ့ ကျန်းမာရေး အထောက်အကူပြုပုံလေးတွေ ပြောပြချင်ပါတယ်။


ree

မက်မွန်သီးမှာ သံဓာတ်နဲ့ Vitamin K ဓာတ် ပါဝင်တာကြောင့် နှလုံးကို ကျန်းမာစေပါတယ်။ Vitamin K ဟာ သွေးခဲခြင်းကို ကာကွယ်ပေးတာကြောင့် နှလုံးရောဂါဖြစ်နိုင်ချေကို အများကြီး လျော့ချပေးပါတယ်။ သံဓာတ်ကလဲ သွေးနီဥ ဖြစ်ပေါ်မှုအတွက် အဓိက ဖြစ်တာကြောင့် anaemia ရောဂါ ဖြစ်စေမှုကို လျော့ချပေးနိုင်ပါတယ်။ မက်မွန်သီးဟာ potassium လဲ ပါဝင်တာကြောင့် သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး လေဖြတ်နိုင်ချေကိုလဲ လျော့ချပေးပါတယ်။


ree

မက်မွန်သီးမှာ ပါဝင်သော antioxidants များဟာ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ မက်မွန်သီးဟာ Vitamin A ဓာတ် များစွာပါဝင်တာကြောင့် မျက်လုံးအတွက် အလွန်အထောက်အကူပြုသည့် အပြင် fluoride နဲ့ calcium လဲ ပါဝင်တာကြောင့် အရိုးနဲ့ သွားကျန်းမာရေးအတွက်လဲ အလွန်ကောင်းတဲ့ အသီးဖြစ်ပါတယ်။


ree

မက်မွန်သီးဟာ ခန္တာကိုယ်တွင်း အဆိပ်တွေကို သန့်စင်ပေးတာကြောင့် detox လုပ်ဖို့အတွက် အလွန်ကောင်းတဲ့ အသီးဖြစ်ပါတယ်။ မက်မွန်သီးဟာ အစာအိမ် အနာပေါက်ခြင်း၊ အစာအိမ် ရောင်ရမ်းခြင်းများကို သက်သာပျောက်ကင်းစေတဲ့ အပြင် သံကောင်၊ တုတ်ကောင်များကိုလဲ သန့်စင်ပေးပါတယ်။ မက်မွန်သီးဟာ ကျောက်ကပ် အတွက်လဲ အလွန်ကောင်းတာကြောင့် တရုတ်ဆေးနည်းများမှာ မက်မွန်သီး လက်ဖက်ရည် (peach tea) ကို ကျောက်ကပ်ဆေးရန်နဲ့ အဆိပ်ထုတ်ရန် အတွက် အသုံးပြုကြပါတယ်။


ree

မက်မွန်သီးရဲ့ ထူးခြားတဲ့အစွမ်းကတော့ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှု ပျောက်စေတာပါ။ အလုပ်တွေပင်ပန်းပြီး စိတ်ဖိစီးမှု အရမ်းများနေရင်တော့ မက်မွန်သီးလေး စားပေးခြင်း၊ မက်မွန်သီး လက်ဖက်ရည် သောက်ခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ မက်မွန်သီးဟာ calories အလွန်နဲပြီး အဆီလဲ မပါတဲ့အပြင် အဆီများကိုပါ လောင်ကျွမ်းစေတာကြောင့် weight ချနေသူများစားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်။


ree

မက်မွန်သီးဟာ အလှအပအတွက်လဲ အလွန်အကျိုးရှိတဲ့ အသီးဖြစ်ပါတယ်။ မက်မွန်သီးဟာ Vitamin C ဓာတ် ပါဝင်မှု မြင့်မားတာကြောင့် အသားအရေအတွက် အလွန်ကောင်းပါတယ်။ မက်မွန်သီးဖတ်လေးတွေကို မျက်နှာမှာ ပွတ်ပေးခြင်းက ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ခြင်း၊ အရေးအကြောင်းများနှင့် မျက်ကွင်းညိုခြင်းများ သက်သာစေခြင်း၊ ချွေးပါက်များ ကျဉ်းစေခြင်း၊ အသားအရည် စိုပြေ တောက်ပစေခြင်း တို့အပြင် နေရောင်ခြည် ဒဏ်မှ ကာကွယ်ပေးကာ နေလောင်ခြင်းများကိုလဲ သက်သာပျောက်ကင်းစေပါတယ်။ မက်မွန်သီးကို ကြိတ်ပြီး ခေါင်းမှာလိမ်းရင်တော့ ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဦးရေပြားကိုလဲ သန့်စင်ပေးနိုင်ပါတယ်။


အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN

ree

 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page