top of page
Search

TANGERINE & ORANGE (လိမ္မော်သီး)

  • Writer: MooN
    MooN
  • Mar 17, 2019
  • 1 min read

အခုလို chinese new year ရာသီလေးရဲ့ theme ကတော့ လိမ္မော်သီးပါ။ လိမ္မော်သီး မျိုးနွယ်စုများထဲမှာမှ မြန်မာနိုင်ငံမှာ အများဆုံးစားသုံးကြတာကတော့ Tangerine ပါ။ တရုတ်ရိုးရာ အယူအဆများအရ Tangerine က luck(ကံကောင်းခြင်း) နဲ့ အသံထွက်ဆင်ပြီး Orange က wealth(ချမ်းသာကြွယ်ဝခြင်း) နဲ့ ဆင်တာကြောင့် အခုလို နှစ်သစ်ကူးချိန်မှာဆိုရင် အချင်းချင်း လိမ္မော်သီးများ လက်ဆောင်ပေးခြင်း၊ ဧည့်သည်များကို လိမ္မော်သီး ၂လုံးလက်ဆောင်ပေးကာ နှစ်သစ်ဆုတောင်းစကားများပြောခြင်း ပြုလုပ်ကြပါတယ်။


ree

Tangerine က နဲနဲပြားတဲ့ ပုံစံရှိပြီး Orange ကတော့ ဝိုင်းဝိုင်းလေးပါ။ Tangerine က Orange ထပ် ပိုချိုပြီး အရသာ ပိုပြင်းပါတယ်။ ဒီလိမ္မော်သီးလေးတွေဟာ အရသာချင်းဆင်ရုံမက အာဟာရခြင်းလဲ ဆင်ပါတယ်။


ree

Tangerine Orange Calories 53 47 Carbs 13.3 grams 11.7 grams Fiber 1.8 grams 2.4 grams Protein 0.8 grams 0.9 grams Fat 0.3 grams 0.1 grams Vitamin A 14% DV 4% DV Vitamin C 44% DV 89% DV Folate 4% DV 8% DV Potassium 5% DV 5% DV


ree

လေ့လာတွေ့ရှိချက်များ အရ လိမ္မော်သီး နှင့် grapefruit ကဲ့သို့ citrus fruit တွေကိုစားသုံးခြင်းက ကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးတဲ့ အပြင် သွေးပေါင်ချိန်ကိုလဲ ထိန်းညှိပေးပါတယ်။ လိမ္မော်သီးဟာ အမျှင်ဓာတ်များစွာပါတဲ့ အသီးလဲ ဖြစ်တာကြောင့် အစာခြေစနစ်ကိုလဲ ကောင်းမွန်စေပါတယ်။


ree

ယခုခောတ်မှာ နှလုံးရောဂါဟာ အလွန်အဖြစ်များပြီး အရွယ်မတိုင်ခင် သေဆုံးမှုများထဲမှာ တခု အပါအဝင်ဖြစ်နေပါတယ်။ လိမ္မော်သီးမှာပါဝင်တဲ့ hesperidin ဟာ နှလုံးရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်စွမ်းရှိပါတယ်။


ree

လိမ္မော်ရည် နေ့စဉ်သောက်သုံးပေးခြင်းက သွေးကိုကျဲစေသည့် အပြင် သွေးတွင်း ကိုလက်စထရော(cholesterol) level ကို လျော့ကျစေပါတယ်။ ဒါအပြင် ကျောက်ကပ်အတွက်လဲ အလွန်ကောင်းပြီး ကျောက်ကပ် ကျောက်တည်ခြင်းများမှ ကာကွယ်ပေးပါတယ်။

လိမ္မော်သီး စစ်စစ်ကို ကြိတ်ထားသော ဖျော်ရည်ကလွဲပြီး အခြား လိမ္မော်ရည်များက သကြားဓာတ်များ၊ ဓာတု ပစ္စည်းများ ပါဝင်တာကြောင့် လိမ္မော်သီးစစ်စစ်ကို စားခြင်းကသာ ကျန်းမာရေးအတွက် အကောင်းဆုံးပါလို့ အကြံပြုချင်ပါတယ် ရှင်။

အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN


ree

 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page