top of page
Search

DARK CHOCOLATE & COCOA

  • Writer: MooN
    MooN
  • Mar 17, 2019
  • 1 min read

February လလေးကို ချစ်သူတိုင်း ရင်ခုန်ကြပါတယ်။ ဘာလို့လဲဆိုတော့ ချစ်သူတွေ အချင်းချင်း chocolate တွေ အပြန်အလှန်ကျွေး၊ ပန်းစည်းတွေ လက်ဆောင်ပေးကြတဲ့ ချစ်သူများနေ့လေးကြောင့်ပါပဲ။ MooN လို ချောကလက် အရမ်းကြိုက်တဲ့သူကတော့ ချောကလက်ကို ချစ်သူများနေ့ တင်မကပဲ နေ့တိုင်းနီးပါး စားသင့်တယ်ဆိုတာ ပြောပြချင်ပါတယ်။



Cocoa နဲ့ dark chocolate မှာ အဖိုးတန်တဲ့ antioxidant များစွာပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အကောင်းဆုံး ဘယ်ရီသီးများအဖြစ် သတ်မှတ်ထားတဲ့ blueberries နဲ့ acai berries တို့ထက်ပင် polyphenols နဲ့ flavanols ပိုမိုပါဝင်ပါတယ်။ Cocoa မှာ ပါဝင်တဲ့ flavanols က သွေးကြောလေးများထဲ သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးပေါင်ချိန်ကို ကျစေပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်များအရ တပတ်ကို dark chocolate ၅ ကြိမ်ထက်မနည်းစားသူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကို ထက်ဝက်ခန့် လျော့ကျစေနိုင်ပါတယ်။


Cocoa bean(ကိုကိုးစေ့) မှ cocoa butter နဲ့ cocoa solids ရပါတယ်။ Cocoa butter ဟာလဲ သံလွင်ဆီလိုပဲ ကျန်းမာရေးအတွက်ကော အသားအရေ အတွက်ပါ အလွန်ကောင်းတဲ့ အဆီအနှစ် ဖြစ်ပါတယ်။

Cocoa 70–85% ပါဝင်တဲ့ 100-gram dark chocolate bar မှာဆိုရင် * 11 grams of fiber * 67% of the RDI for iron * 58% of the RDI for magnesium * 89% of the RDI for copper * 98% of the RDI for manganese တို့အပြင် * potassium, phosphorus, zinc နဲ့ selenium တို့လဲ အများအပြား ပါဝင်ပါတယ်။ (RDI ဆိုတာကတော့ Reference Daily Intake ပါ)



Dark chocolate ဟာ ဦးနှောက်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေကာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်များကိုလဲ တိုးတက်စေပါတယ်။ Dark chocolate ရဲ့ flavanols ဟာ အသားအရေကို တင်းရင်းစေပြီး ရေဓာတ်ကိုလဲ ဖြည့်တင်းပေးပါတယ်။ နေလောင်ဒဏ်ကိုလဲ ကောင်းစွာ ကာကွယ်ပေးနိုင်တာကြောင့် ကမ်းခြေ အပန်းဖြေခရီးထွက်မယ်ဆိုရင် dark chocolate ကို များများစားပြီး များများဆောင်သွားတာ အကောင်းဆုံးပါပဲ။



ချောကလက်ဟာ ကျန်းမာရေးအတွက်လဲ အလွန်ကောင်းပြီး စားလို့လဲ အလွန်ကောင်းတာ မှန်ပေမယ့် အလွန်အကျွံစားရင်တော့ ဝိတ်တက်စေမှာ ဖြစ်ပါတယ်။ ချောကလက်ဝယ်မယ်ဆိုရင် quality ကောင်းတဲ့အပြင် cocoa ပါဝင်မှုများတာကို ဝယ်ယူမှ ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ အာဟာရဓာတ်တွေကို ရရှိနိုင်မှာပါ။Cocoa ရဲ့ အာဟာရဓာတ်များ အပြည့်ရချင်ရင်တော့ 100% cocoa powder ကို cream၊ သကြား၊ နို့ဆီ ဘာမှမထည့်ပဲ ဖျော်သောက်နိုင်ပါတယ်။ အချိုထည့်ချင်ရင်တော့ ဆီးချိုသကြား ထည့်လို့ရပါတယ်။



ချောကလက်ကို အကြမ်းမျဉ်းအားဖြင့် ၃မျိုး ခွဲထားပါတယ်။ Dark chocolate ဟာ cocoa ပါဝင်မှု အများဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပါ။ Milk chocolate နဲ့ white chocolate ကတော့ cocoa ပါဝင်မှု နည်းတဲ့ အပြင် အချိုဓာတ်နှင့် အဆီအနှစ်များစွာပါတာကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရံဖန်ရံခါပဲ စားသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

ချောကလက်လေးတွေကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN



 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page