top of page
Search

MANGO (သရက်သီး)

  • Writer: MooN
    MooN
  • Mar 17, 2019
  • 1 min read

သရက်သီးဟာ တကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် စားသုံးကြတဲ့ အသီးဖြစ်ပြီးတော့ သူ့ကိုလဲ "king of fruits" လို့ ခေါ်ကြပါသေးတယ်။ သရက်သီးဟာ အမျိုးပေါင်း များစွာလဲ ရှိတဲ့ အပြင် သူ့ရဲ့ ချိုမွှေးလှတဲ့ အရသာလေး နဲ့ စွဲမက်စရာကောင်းလှတဲ့ အနံ့လေးကြောင့် စားဖူးသမျှလူတိုင်း ကြိုက်နှစ်သက်တဲ့ အသီး ဖြစ်ပါတယ်။


ree

သရက်သီး ၁ခွက်စာ (165 grams) တွင် * 107 calories * 3 grams of fiber * 24 grams of sugar * 1 gram of protein * 25 % daily value of vitamin A * 76 % daily value of vitamin C * 257 mg of potassium * 0.2 mg of vitamin B-6 ပါဝင်ပါတယ်။


ree

သရက်သီးဟာ ခန္တာကိုယ်ရဲ့ ခုခံအားကို အဓိက အထောက်အကူဖြစ်စေသော Vitamin-C ဓာတ် များစွာပါဝင်တဲ့ အသီးတွေထဲမှ တခုဖြစ်ပါတယ်။ Vitamin-Cဟာ တနေ့တာ လိုအပ်ချက်ရဲ့ 76% တောင် ပါဝင်တာ ဖြစ်ပါတယ်။ သရက်သီးမှာ Vitamin-A ဟာလည်း တနေ့တာ လိုအပ်ချက်ရဲ့ 25% ပါဝင်ပါတယ်။


ree

Vitamin-A ဟာ မျက်လုံး နဲ့ အသားအရေ အတွက် အလွန်ကောင်းတဲ့ အာဟာရ ဖြစ်ပါတယ်။ အရိုးကျန်းမာရေး နဲ့ ကိုယ်ခံအား ကိုလဲ မြှင့်တင်ပေးတဲ့အပြင် မျိုးပွား အင်္ဂါများကိုလဲ ကျန်းမာစေပါတယ်။

သရက်သီးမှာ ကင်ဆာရောဂါများကို တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပြီး ရင်သားကင်ဆာမှာ အဓိက သိသာစေပါတယ်။ သရက်သီးဟာ ကင်ဆာဆဲလ်လုံး အရွယ်အစားကို သေးသွားစေရုံမက ကင်ဆာဆဲလ်များ ကြီးထွားနှုန်းကိုလဲ နှေးကွေးသွားစေပါတယ်။ အချို့လေ့လာတွေ့ရှိချက်များမှာတော့ သရက်သီးစားခြင်းက ကင်ဆာ ပထမအဆင့်မှာဆိုရင် ကင်ဆာဆဲလ်များ ကြီးထွားမှု ကိုတောင် ရပ်သွားစေတယ်လို့ ဆိုကြပါတယ်။


ree

သရက်သီးရဲ့ phytochemicals တွေဟာ အဆီဆဲလ်လေးတွေကို ချေဖျက်ပေးတာကြောင့် ဝိတ်ထိန်းလိုသူများနဲ့ ဝိတ်ချနေသူများအတွက်လဲ အလွန်သင့်တော်တဲ့ အသီး ဖြစ်ပါတယ်။ သရက်သီးဟာ အစာခြေစနစ်ကိုလဲ အလွန်အထောက်အကူ ဖြစ်သည့်အပြင် ရေဓာတ် နှင့် အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းမှလဲ ကင်းဝေးစေမှာ ဖြစ်ပါတယ်။


ree

သရက်သီးဟာ အလွန်အရသာရှိရုံတင်မကပဲ အာဟာရဓာတ်များစွာလဲ ပါဝင်တဲ့ အသီးဖြစ်ပါတယ်။ သရက်သီးလိုမျိုး အလွန်ချိုတဲ့ အသီးတွေမှာ သကြားဓာတ်များစွာ ပါဝင်ပေမယ့် သဘာဝ သကြားဓာတ်နဲ့ ပြုပြင်ထားတဲ့ သကြားဓာတ် အာဟာရခြင်း ကွာပါတယ်။ ဒါကြောင့် ဓာတုဆိုးဆေးတွေနဲ့ ပြုပြင်ရောင်းချနေတဲ့ မုန့်ထုပ်တွေ စားမယ့်အစား သရက်သီးလိုမျိုး အသီးအနှံလေးတွေစားတာက ကျန်းမာရေးအတွက် ပိုကောင်းစေတာမို့ အသီးအနှံလေးတွေ များများစားကြပါလို့ အကြံပြုချင်ပါတယ် နော်။

အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN

ree

 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page