STRAWBERRY (စတော်ဘယ်ရီ)
- MooN
- Mar 16, 2019
- 2 min read
Strawberry ဟာ ကျန်းမာရေးအတွက် အကောင်းဆုံး berry များထဲမှ No.4 အကောင်းဆုံးဖြစ်ပြီး 1. Blueberry 2. Raspberry 3. Goji Berry တို့ ဖြစ်ကြပါတယ်။
---------- * ---------- * ---------- * ---------- * ----------
🍓သိုလှောင်ခြင်း🍓 Strawberry ဟာ ၂ရက်ခန့် ပုံမှန်အတိုင်းသိမ်းထားရုံဖြင့် ပါဝင်သော Vitamin C နဲ့ polyphenol antioxidants ကဲ့သို့ အစွမ်းထက်အာဟာရများကို မဆုံးရှုံးစေပါ။ သို့သော် ၂ရက်ကျော်သွားခဲ့ရင်တော့ အန္တရာယ်တော့ မဖြစ်စေပေမယ့် အာဟာရတွေဟာ တဖြည်းဖြည်း ဆုံးရှုံးသွားပါတယ်။
🍓အစာခြေခြင်း🍓 Strawberry ဟာ Vitamin-C အလွန်ကြွယ်ဝတဲ့ အသီးဖြစ်တဲ့အတွက် တံတွေးထုတ်လွှတ်မှု နဲ့ အစာခြေရည်(gastric juices) ထုတ်လွှတ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ပရိုတင်း များစွာပါတဲ့ အစားအသောက်(starchy & protein foods) တွေကို ခြေဖျက်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ Strawberry မှာပါတဲ့ fiber တွေက ဝမ်းချုပ်ခြင်းကို ထိရောက်စွာ လျော့ကျပေးနိုင်တဲ့အပြင် အူမကြီးကိုလဲ အဆိပ်အတောက် ကင်းစင်စွာနဲ့ သန့်စင်စေပါတယ်။ Strawberry တွင်ပါဝင်သော polyphenol antioxidants များကလည်း အစာခြေခြင်းကို ကူညီ မြှင့်တင်ပေးပါတယ်။

🍓သွေးလည်ပတ်မှု မြှင့်တင်ပေးခြင်း🍓 Strawberry တွင် အတော်အသင့်ပါဝင်သော acetylsalicylic acid သည် aspirin (အကိုက်အခဲနှင့် အဖျားပျောက်ဆေး) တွင်ပါဝင်သော ပါဝင်ပစ္စည်းနှင့် အတူတူပင်ဖြစ်သည်။ သို့သော် Strawberry တွင်ပါဝင်သော acetylsalicylic acid သည် တုတ်ကွေးကဲ့သို့ရောဂါများကို ပျောက်ကင်းစေလောက်သော ပမာဏ မဟုတ်သော်လည်း သွေးကျဲခြင်းကို ကူညီပေးပြီး သွေးခဲခြင်းကို ကာကွယ်ပေးကာ နှလုံးသွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်။
🍓ခုခံအားမြှင့်တင်ပေးခြင်း🍓 Strawberry တွင် မြင့်မားစွာပါဝင်သော Vitamin-C သည် ကင်ဆာရောဂါများကို ကာကွယ်ပေးသည့်အပြင် ခုခံအားကို မြှင့်တင်ပေးပြီး အအေးမိခြင်း၊ တုတ်ကွေးဖြစ်ခြင်း စသည့် ကူးစက်ရောဂါများမှ ကာကွယ်ပေးပါတယ်။ သွေးနီဥများသည် ခန္တာကိုယ်တလျောက် Oxygen သယ်ပို့ရာတွင် အဓိကကျပြီး Strawberry တွင် ပါဝင်သော folic acid သည် ထိုသွေးနီဥများ လျော့နည်းခြင်းကြောင့် ဖြစ်ပေါ်သော anemia (သွေးအားနည်း ရောဂါ) များကို ကာကွယ်ပေးပါသည်။
🍓ကင်ဆာ ကာကွယ်ခြင်း🍓 Strawberry ဟာ "superfood" ထဲတွင် ၁ခုအပါအဝင်ဖြစ်ပါတယ်။ Strawberry တွင် ပါဝင်သော ellagic acid ဟုခေါ်သော phytochemical သည် cancer cells များ ကြီးထွားမှုကို နှေးစေခြင်းဖြင့် ကင်ဆာရောဂါများကြောင့် သေဆူံးမှုကို လျှော့ချပေးပါတယ်။ Strawberry ဟာ အစာပြွန် ကင်ဆာ(esophageal cancer)၊ သားအိမ်ခေါင်း ကင်ဆာ(cervical cancer)၊ အူမကြီး ကင်ဆာ(colon cancer) နှင့် ရင်သား ကင်ဆာ(breast cancer) တို့ကို အကောင်းဆုံး ကာကွယ်ပေးပါတယ်။

🍓Serotonin (happiness hormone)🍓 Strawberryသီး စားခြင်းနှင့် ဖျော်သောက်ခြင်းတို့က serotonin ထုတ်လွှတ်မှုကို မြှင့်တင်ပေးပါတယ်။ Serotonin ကို ပျော်ရွှင်မှုကိုဖြစ်ပေါ်စေသော ဟော်မုန်း(happiness hormone) ဟု ခေါ်ကြပါတယ်။ Serotonin ဟာ ခန္တာကိုယ်အတွက် အလွန်အရေးကြီးသော chemical ဖြစ်ပြီး စိတ်ကိုကြည်လင် လန်းဆန်းစေပြီး ခန္တာကိုယ်၏ နေ့စဉ်လှုပ်ရှားမှုများ၊ စားချင်စိတ် ဖြစ်စေမှု၊ အိပ်ချင်စိတ် ဖြစ်စေမှု နှင့် မှတ်ဉာဏ်များ အတွက် ကူညီပေးသည်ဟု ယုံကြည်ကြပါတယ်။ Serotonin လျော့နည်းခြင်းမှာ စိတ်ကျခြင်း(depression) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
🍓သွေးပေါင်ချိန် ထိန်းပေးခြင်း🍓 Strawberry တွင် မြင့်မားစွာ ပါဝင်သော potassium ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးကာ လေဖြတ်ခြင်းမှလဲ ကာကွယ်ပေးပါတယ်။ ဆီးသွားခြင်းကိုလဲ မြှင့်တင်ပေးသောကြောင့် ဆီးကျင်ခြင်းကို သက်သာစေကာ ဆီးမှ တဆင့် ခန္တာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။
🍓မှတ်ဉာဏ်နှင့်အာရုံစူးစိုက်နိုင်မှု မြှင့်တင်ပေးခြင်း🍓 ခိုင်မာသော လေ့လာတွေ့ရှိချက်များအရ Strawberry ကဲ့သို့ berry များစားခြင်းသည် အသက်အရွယ်ကြောင့်သော်လည်းကောင်း အခြား မည့်သည့်အကြောင်းအရာကြောင့် မဆို မှတ်ဉာဏ် ချို့ယွင်းခြင်း၊ အာရုံစူးစိုက်နိုင်မှု လျော့ကျခြင်း တို့မှ ကာကွယ် ကုသ ပေးပါတယ်။

🍓အလှအပရေးရာ🍓 Strawberry ၏ Vitamin C ပြည့်ဝခြင်းကြောင့် collagen ထုတ်လွှတ်မှုများကို မြှင့်တင်ပေးကာ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ အရေးအကြောင်းများ၊ အမဲစက်များကိုလည်း သက်သာစေပါတယ်။ Strawberry တွင် ပါဝင်သော ellagic acid သည် အရေးအကြောင်းများ ကိုသက်သာစေယုံသာမက အသားအရည်ကို နူးညံ့ ကြည်လင် စေပါတယ်။ Strawberry တွင် ပါဝင်သော Vitamin C ၊ Alpha Hydroxy Acid (AHA)၊ salicylic acid နှင့် flavonoids များသည် အဆီပြန်ခြင်း နှင့် ဝက်ခြံထွက်ခြင်းများကို ထိရောက်စွာ သက်သာစေပါတယ်။ Strawberry တွင် ပါဝင်သော Vitamin B6 ဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ Strawberry အရည်ဟာ သွားများကိုလဲ ဖြူစင် တောက်ပ စေပါတယ်။

🍓ခန္တာကိုယ်အလေးချိန် ကျစေခြင်း🍓 Strawberry တွင်ပါဝင်သော polyphenol antioxidants များသည် weight ထိန်းခြင်းအတွက် အလွန်အထောက်အကူ ဖြစ်စေပါတယ်။ Strawberries 100g တွင် polyphenols 235mg ပါဝင်ပါတယ်။
🍓အရိုးသန်မာစေခြင်း🍓 Strawberry တွင်ပါဝင်သော potassium ၊ magnesium နှင့် Vitamin K တို့သည် အရိုးကျန်းမာရေးအတွက် အထောက်အကူပြုပြီး အသက်အရွယ်ကြောင့် အရိုးကျိုးလွယ်ခြင်းများကို ကာကွယ်ပေးပါတယ်။
🍓ကိုယ်ဝန်ဆောင် ကျန်းမာရေး🍓 Strawberry တွင် ပါဝင်သော folate(Vitamin B9) ဟာ ကိုယ်ဝန်ဆောင် မိခင်များ နှင့် ကိုယ်ဝန်ဆောင်ခါနီး အမျိုးသမီးများအတွက် အလွန်အရေးကြီးသော vitamin ဖြစ်ပါတယ်။ ကိုယ်ဝန် မဆောင်ခင် နှင့် ကိုယ်ဝန်ဆောင်နေချိန်တွင် folate 400micrograms (mcg) သောက်သုံးထားခြင်းဖြင့် ကလေးရဲ့ ဦးနှောက်၊ အရိုးများ နှင့် ကျောရိုး ဖွံဖြိုးမှုကို အထောက်အကူပြုစေကာ မွေးရာပါ spina bifida ကဲ့သို့ ပုံမမှန် ကျောရိုးဖြင့် မွေးဖွားမှု ကို ကာကွယ်ပေးပါတယ်။
အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏
ချစ်တဲ့ MooN

Comments