top of page
Search

POMEGRANATE (သလဲသီး)

  • Writer: MooN
    MooN
  • Mar 17, 2019
  • 1 min read

သလဲသီး လေးဟာ ပန်းသီးအနီရောင်လေးကို ပန်းပွင့်လေးတပ်ထားသလိုပုံလေးကြောင့် အမြင်အားဖြင့် ချစ်စရာကောင်းရုံမကပဲ ကမ္ဘာပေါ်မှာရှိတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အသီးတွေထဲမှာလဲ တခု အပါအဝင် ဖြစ်ပါတယ်။ သလဲသီးလေးရဲ့ ချစ်စရာကောင်းတဲ့ အခွံလေးက အလွန်ထူပြီး စားလို့မရပေမယ့် သူ့ထဲမှာတော့ အလွန်အရသာရှိတဲ့ အစေ့လေးတွေ ပါပါတယ်။ အဲ့ဒီ့ သလဲသီး အစေ့လေးတွေကို ဒီတိုင်းလဲ စားကြသလို ကြိတ်ပြီးလဲသောက်ကြပါတယ်။


ree

သလဲသီး အစေ့ တခွက်စာ (174 grams) မှာ ဆိုရင်တော့ * Fiber: 7 grams * Protein: 3 grams * Vitamin C: 30% of the RDI * Vitamin K: 36% of the RDI * Folate: 16% of the RDI * Potassium: 12% of the RDI တို့ ပါဝင်ပါတယ်။ (RDI ဆိုတာကတော့ Reference Daily Intake ပါ)

သလဲသီးဖျော်ရည်နဲ့ အခွံတွင် Punicalagin ဆိုတဲ့ antioxidant ပါဝင်မှုဟာ ဝိုင်နီ နဲ့ green tea တွင် ပါဝင်မှုထက် ၃ဆ ပိုမို ပါဝင်ပါတယ်။


ree

ဖျားနာခြင်း၊ ရောဂါကူးစက်ခြင်း နဲ့ ဒဏ်ရာရခြင်း တို့ကို ခန္တာကိုယ်ကနေ အလိုအလျောက် ကာကွယ်ခြင်းကြောင့် ခန္တာကိုယ်တွင် Inflammation(ရောင်ရမ်းခြင်း) ဖြစ်ပေါ်လာပါတယ်။ သလဲသီးမှာ အလွန်အစွမ်းထက်တဲ့ အရောင်ကျစေတဲ့အစွမ်းပါဝင်တာကြောင့် အူမကြီးကင်ဆာ နှင့် အစာခြေလမ်းကြောင်း တလျောက် ရောင်ရမ်းခြင်းများကို သက်သာစေပါတယ်။


ree

သလဲသီးဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါများ၊ ဆီးချိုရောဂါ(type-2) နှင့် Alzheimer's disease တို့အပြင် အဝလွန်ခြင်းတို့အတွက်ပါ အလွန်ကောင်းသော အသီး ဖြစ်ပါတယ်။ အမျိုးသမီးများတွင် အများဆုံးဖြစ်တတ်သော ရင်သားကင်ဆာကို တိုက်ထုတ်ပေးနိုင်သည့် အပြင် အမျိုးသားများ သုတ်ရည်ထုတ်ပေးသော အကျိတ်တွင် ဖြစ်သော ကင်ဆာ အတွက်လဲ အင်မတန် ကောင်းကျိုးဖြစ်စေပါတယ်။


ree

သလဲသီးကို ပုံမှန် သောက်သုံးခြင်းကလဲ မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။ သလဲသီးဟာ သွေးပေါင်ချိန်ကိုလဲ ကျစေသောကြောင့် သွေးတိုးခြင်းကြောင့် ဖြစ်သော လေဖြတ်နိုင်ခြင်းနှင့် heart attacks ဖြစ်နိုင်ချေများကိုလဲ လျော့ချပေးပါတယ်။ သလဲသီး ဖျော်ရည်ဟာ နှလုံး သွေးစီးဆင်းမှုကို မြှင့်တင်ပေးသည့် အပြင် နှလုံးသွေးလွှတ်ကြောအတွင်း သွေးခဲခြင်း၊ အဆီဖုံးခြင်းများကိုလဲ သက်သာစေပါတယ်။ ဒါပေမယ့် နှလုံးရောဂါသမားများ ပုံမှန်သောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ကြောင်း အကြံပြုချင်ပါတယ် ရှင်။

အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN

ree

 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page