top of page
Search

LEMON WATER

  • Writer: MooN
    MooN
  • Mar 16, 2019
  • 1 min read

အခုဆိုရင် စားသောက်ဆိုင်တော်တော်များများမှာ lemon water လေးတွေ ပြင်ဆင်ပေးထားကြတာတွေ့ရပါတယ်။ အချို့သူတွေလဲ အခုဆိုရင် သူတို့ရဲ့ မနက်ခင်းကစပြီး coffee တို့ tea တို့အစား lemon water လေးတွေ သောက်လာကြပါပီ။ အဲ့တော့ lemon သီးလေးတွေကို ရေထဲထည့်စိမ်ပြီးသောက်တာ ကျန်းမာရေးနဲ့ ညီညွှတ်လားဆိုတာ လေ့လာကြည့်ရအောင် နော်။


ree

Lemon water ရဲ့ အကျိုးကျေးဇူး အများစုကတော့ သိပ္ပံနည်းကျ ရှာဖွေထားတာ မဟုတ်ကြပါဘူး။ အများအားဖြင့် lemon ကို သပ်သပ် ရေကို သပ်သပ် လေ့လာရှာဖွေထားကြတာ မျိုးပါ။

အစားအသောက်နဲ့ အာဟာရ အညွှန်းများအရဆိုရင် အစားအသောက်မှာ ပါတဲ့ အရည် အပါအဝင် တနေ့ကို ရေ 91 ကနေ 125 ounces လောက် သောက်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ 2.7 litres ကနေ 3.7 litres အထိရှိတဲ့ ပမာဏ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်ရအောင် ရေကိုများများသောက်သုံးသင့်ပေမယ့် တော်တော်များများက ရေကို သေချာ မသောက်ဖြစ်ကြပါဘူး။ lemon water လေးဆိုတော့ ရေက အရသာရှိသွားပြီး ပိုသောက်ဖြစ်တဲ့အတွက် ရေဓာတ်ခန်းခြောက်ခြင်းကနေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။


ree

Lemon လိုမျိုး citrus fruits တွေဟာ vitamin C ပြည့်ဝစွာ ပါဝင်တာကြောင့် cardiovascular disease ကဲ့သို့ သွေးလည်ပတ်မှုဆိုင်ရာ ရောဂါများ အပြင် လေဖြတ်နိုင်ချေကို လျော့ချပေးပါတယ်။ သွေးပေါင်ချိန်ကိုလဲ ကျစေသလို lemon မှာပါတယ့် citric acid ကလည်း ကျောက်ကပ် ကျောက်တည်ခြင်းများမှ ကာကွယ်ပေးပါတယ်။


ree

Lemon မှာ ပါဝင်တဲ့ vitamin C က အသားအရေ အတွက် အလွန်ကောင်းတဲ့ အတွက် အရေးအကြောင်း ဖြစ်ခြင်းနဲ့ အသားအရေ ခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးပါတယ်။ ရေသောက်ခြင်းကလဲ အသားအရေကို ကြည်လင်စိုပြေစေတာကြောင့် lemon water သောက်သုံးခြင်းက အသားအရေအတွက် အရမ်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

ကြွက်လေးတွေနဲ့ လေ့လာစမ်းသပ်ချက်အရ lemon မှာပါတဲ့ polyphenol antioxidants တွေက ထောပတ်သီး၊ cheese နဲ့ သံလွင်ဆီ တို့လိုမျိုး ကျန်းမာတဲ့အဆီတွေ စားတဲ့ ကြွက်ကလေးတွေကို weight တက်လာခြင်းကနေ လျော့ချ ပေးတာ တွေ့ရပါတယ်။ အဲ့ဒီ့အပြင် insulin resistance ကိုလဲ မြှင့်တင်ပေးပါတယ်။


ree

Lemon water ကို မနက်ပိုင်းသောက်ပေးခြင်းကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ မနက်အိပ်ရာက နိုးတဲ့ အချိန်မှာ lemon ကို ရေနွေးပူပူနဲ့ပဲ ဖြစ်ဖြစ်၊ ရေနွေးနွေးလေးနဲ့ပဲ ဖြစ်ဖြစ် သောက်ပေးခြင်းက တနေ့တာအတွက် အစာခြေစနစ်ကို အလွန် အထောက်အကူဖြစ်ပါတယ်။

Lemon water က bacteria တွေကြောင့် အပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လိုမျိုး အနံ့ပြင်းတဲ့ အစားအသောက်တွေကြောင့်ဖြစ်တဲ့ ခံတွင်းအနံ့မကောင်းတာတွေကို ကာကွယ်ပေးပါတယ်။


ree

Lemon water ကို •mint လေး အနည်းငယ် •maple syrup ဒါမှ မဟုတ် ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း •ချင်း လက်တဆစ် •သစ်ကြားပိုးခေါက် အနည်းငယ် ထပ်ဖြည့်လိုက်မယ် ဆိုရင် အရသာပိုရှိတဲ့ lemon water လေးတွေ ရပီပေါ့နော်။

အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN

ree

 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page