CARROT (မုန်လာဥနီ)
- MooN
- Mar 16, 2019
- 2 min read
မုန်လာဥနီဟာ vitamin A အလွန်ကြွယ်ဝတဲ့ အသီးတွေထဲတွင် ပါသည့်အပြင် အခြားသော အာဟာရဓာတ်များလဲ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မုန်လာဥနီအရည်ဟာ အသားအရည်ကို လုံလောက်စွာ အားဖြည့်ပေးပြီး အသားအရည် ခြောက်သွေ့ခြင်းအပြင် psoriasis နဲ့ အခြားသော အရေပြား ပျက်စီးစေတဲ့ ရောဂါများမှလဲ ကာကွယ်ပေးပါတယ်။ (Psoriasis ဆိုသည်မှာ ကျွန်မတို့ဦးရေပြားမှာ ဖြစ်တတ်တဲ့ ဗောက်လို ရောဂါမျိုး ဖြစ်ပါတယ်။ Psoriasis ဟာ အရေပြား cell များရဲ့ ဖြစ်စဉ်ကို မြင့်တင်ပေးတဲ့ အတွက် ပုံမှန်အရေပြားရဲ့မျက်နှာပြင်ပေါ်မှာ cell အသေများကို ပုံသွားစေပါတယ်။ ထို cell အသေများက ကြေးခွံကဲ့သို့ အလွှာတထပ်ဖြစ်စေပီး အနီကွက်များဖြစ်စေကာ ယားယံခြင်း၊ တခါတရံ နာကျင်ခြင်း တွေ ဖြစ်စေပါတယ်။ Psoriasis ရောဂါဟာ ဖြစ်လိုက် ပျောက်သွားလိုက် ဖြစ်တတ်တာမို့ ဂရုစိုက်ရမယ့် ရောဂါမျိုးဖြစ်ပါတယ်)

မုန်လာဥနီဟာ ခန္တာကိုယ်တွင်း သန့်စင်တဲ့ အပိုင်းမှာလဲ အစွမ်းထွက်တဲ့ အတွက်ကြောင့် အသည်းကိုလည်း ထိရောက်စွာ သန့်စင်ပေးပါတယ်။ သွေးတွင်းသန့်စင်မှုကိုလဲ ဖြစ်စေတဲ့အတွက် ဝက်ခြံအတွက်လဲ အလွန်ကောင်းမွန်ပါတယ်။
မုန်လာဥနီဟာ သည်းခြေရည် ထုတ်လွှတ်မှုကို မြှင့်တင်ပေးတဲ့ အတွက်ကြောင့် အစာခြေလမ်းကြောင်း အတွင်း အလိုလျောက် အစာရွေ့လျားမှုကို အထောက်အကူပြုပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပီး အစာကိုကြေစေပါတယ်။ အမျှင်ဓာတ် များစွာပါဝင်တာကြောင့် အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေကို 24% လျှော့ချပေးပါတယ်။
Vitamin C ကြွယ်ဝတဲ့ အစားအသောက်တွေရဲ့ အစွမ်းဖြစ်တဲ့ ရောဂါပိုး ဝင်ရောက်ခြင်းကို ကာကွယ်ပေးခြင်း၊ လျှော့ချပေးခြင်းတို့ကြောင့် အစာအိမ်အနာ၊ အူသိမ်အနာများအပြင် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုကိုလဲ ကာကွယ်ပေးပါတယ်။ အရက်အလွန်အကျွံသောက်သူတွေအတွက်လဲ ခန္တာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

မုန်လာဥနီမှာပါဝင်တဲ့ beta-carotene ဟာ ကင်ဆာရောဂါ အများအပြားကို ကာကွယ်ပေးပြီး အဓိကအားဖြင့် အဆုတ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ British မှ လေ့လာသူတွေ ရှာဖွေတွေ့ရှိချက်အရ တနေ့ကို beta-carotene 1.7 ကနေ 2.7 milligrams အထိ စားမယ်ဆိုရင် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို 40% ကျော်အထိ လျှော့ချပေးနိုင်ပါတယ်။ ပုံမှန် မုန်လာဥနီတလုံးမှာ beta-carotene 3 milligrams ခန့် ပါပါတယ်။ Beta-carotene ဟာ လေဖြတ်ခြင်းမှလဲ အကောင်းဆုံး ကာကွယ်ပေးပြီး တနေ့ မုန်လာဥနီ ၁လုံးစားသုံးခြင်းဖြင့် လေဖြတ်ခြင်းကို 60% ကာကွယ်ပေးပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိချက်များအရ မုန်လာဥနီကို အစိမ်းစားသုံးသူ အမျိုးသမီးများသည် မစားသုံးသူများထက် ရင်သားကင်ဆာ ကို ၅ဆ မှ ၈ဆ အထိ သက်သာစေပါတယ်။

မုန်လာဥနီဟာ pectin များစွာပါဝင်သော အသီးအနှံများတွင် တခု အပါအဝင်ဖြစ်ပြီး မုန်လာဥနီ အကြီး၁လုံးတွင် pectin 0.576g ပါဝင်ပါတယ်။ Pectin ဟာ အသီးတွေမှာတွေ့ရသော အမျှင်ဓာတ်ဖြစ်ပြီး ဆေးဝါးဖော်စပ်ရန်အတွက် အသုံးပြုကြပါတယ်။ Pectin ဟာ cholesterol level မြင့်ခြင်း၊ အူမကြီးကင်ဆာ၊ အမျိုးသားများ သုတ်ရည်ထုတ်ပေးသော အကျိတ်တွင် ဖြစ်သော ကင်ဆာ နှင့် ဆီးချိုရောဂါတို့ကို ကာကွယ်ပေးပါတယ်။ Pectin ပါဝင်မှုနှုန်းများကတော့ -apples, 1–1.5% -apricots, 1% -cherries, 0.4% -oranges, 0.5–3.5% -carrots 1.4% -citrus peels, 30% တို့ ဖြစ်ပါတယ်။
Scotland နိုင်ငံ Edinburgh မှာရှိတဲ့ Wolfson Gastrointestinal Laboratory မှာ တွေ့ရှိချက်အရ ၃ပတ် ဆက်တိုက် တရက်ကို မုန်လာဥနီ(အစိမ်း) ၇အောင်စ စားပေးခြင်းဖြင့် cholesterol level ကို 11% ကျဆင်းစေပါတယ်။ Cholesterol များခြင်းဟာ နှလုံးရောဂါ ဖြစ်စေမှုရဲ့ အဓိကအချက် ဖြစ်တာကြောင့် မုန်လာဥနီနေ့စဉ် စားသုံးခြင်းက နှလုံးနှင့် ပတ်သတ်သော ရောဂါများကို ကောင်းစွာ ကာကွယ်ပေးနိုင်ပါသည်။ ဆွီဒင်နိုင်ငံမှ သိပ္ပံပညာရှင်များအဖွဲ့ရဲ့ သတ်မှတ်ချက်အရ မုန်လာဥနီကဲ့သို့ root vegetable တွေဟာ heart attack ဖြစ်နိုင်ချေကို နည်းပါးစေပါတယ်။
မုန်လာဥနီဟာ သွေးဖြူဥများရဲ့ ထုတ်လုပ်မှုနှင့် စွမ်းဆောင်မှုကို မြှင့်တင်ပေးခြင်းဖြင့် ခန္တာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ Vitamin A ကြွယ်ဝမှုကြောင့် မုန်လာဥနီဟာ အမြင်အာရုံ အတွက်လည်း အလွန်ကောင်းပါတယ်။ မုန်လာဥနီ အရည်ဟာ ဆီးရွှင်စေသည့် အတွက် ခန္တာကိုယ်တွင်း မလိုအပ်ပဲ ပိုလျှံနေသောအရည်များကို အလွယ်တကူ စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် အမျိုးသမီးများ ဓမ္မတာလာချိန် နှင့် ကိုယ်ဝန်ဆောင်ချိန်များတွင် ဆီးချုပ်ခြင်းကို သက်သာစေပါတယ်။
အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏
ချစ်တဲ့ MooN

Comments