top of page
Search

BEET ROOT (သကြားမုန်လာ)

  • Writer: MooN
    MooN
  • Mar 16, 2019
  • 1 min read

Beet root ဟာ အသည်းကို သန့်စင်စေပြီး သည်းခြေရည်ရဲ့ စွမ်းဆောင်ရည် ကိုမြှင့်တင်ပေးပါတယ်။ ဒါကြောင့် အသည်းရောင် အသားဝါရောဂါ အပြင် အစာအဆိပ်သင့်ခြင်း၊ ဝမ်းလျှောခြင်း နဲ့ အော့အန်ခြင်းတို့ကိုလဲ သက်သာစေပါတယ်။ Beet root ဟာ အဆီကျစေတာကြောင့် အသည်းအဆီဖုံးခြင်းမှလဲ ကာကွယ်ပေးပါတယ်။


ree

Beet root ဟာ အူမကြီးကို သန့်စင်ပေးသည့် အပြင် Beet root မှာပါတဲ့ cellulose လေးတွေဟာ အူမကြီး လှုပ်ရှားမှုကို ကူညီပေးတဲ့အတွက် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် နာတာရှည် ဝမ်းချုပ်ရောဂါ ခံစားနေရတာကို သက်သာစေပါတယ်။ Beet root ဖျော်ရည်ဟာ လိပ်ခေါင်းရောဂါကိုလဲ သက်သာပျောက်ကင်းစေနိုင်ပါတယ်။


ree

Beets ဟာ သွေးကိုသန့်စင်ပေးရုံမကပဲ သံဓာတ်မြင့်မားစွာ ပါဝင်မှုကြောင့် သွေးနီဥများထုတ်လွှတ်မှု နှင့် သွေးတွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်မှုကို မြှင့်တင်ပေးပါတယ်။ Beet root မှာ ပါဝင်သော copper ကလည်း သံဓာတ်ကို မြှင့်တင်ပေးသောကြောင့် Beet root ဟာ အကောင်းဆုံး blood builder ဖြစ်ပါတယ်။ Anemia ကဲ့သို့ သွေးအားနည်းရောဂါများအတွက်လဲ အလွန်ကောင်းသော ဆေးတလက်ဖြစ်ပါတယ်။


ree

Beet root ကို ခရမ်း-ကြက်သွေးနီရောင်တောက်တောက် ဖြစ်စေတဲ့ betacyanin ဟာ ကင်ဆာရောဂါကို ထိရောက်စွာတိုက်ဖျက်နိုင်စွမ်းရှိသော အရောင်ခြယ်ပစ္စည်းဖြစ်ပါတယ်။ Beet root ကို သွေးကင်ဆာ ကုထုံးအဖြစ် သုံးစွဲလာခဲ့တာ ကြာပြီ ဖြစ်သည့်အပြင် Beet root ဟာ အူမကြီးကင်ဆာ နှင့် အစာအိမ်ကင်ဆာ တို့မဖြစ်စေရန်လဲ ကာကွယ်ပေးပါတယ်။


ree

Beet root ဟာ နှလုံးရောဂါကို ကာကွယ်ပေးတာကြောင့် diet လုပ်မယ်ဆိုရင်လည်း Beet root ကို ထည့်သွင်းစာသုံးသင့်ပါတယ်။ Beet root ဟာ သွေးပေါင်ချိန် ကိုလဲ ထိရောက်စွာ ထိန်းညှိပေးတာကြောင့် သွေးတိုးသူများ သွေးကျစေပြီး သွေးပေါင်ကျတတ်သူများ ပုံမှန်သွေးပေါင်ချိန်ကို ဖြစ်စေပါတယ်။


ree

Beets မှာ carbohydrates များစွာပါဝင်သော်လည်း အခြား carbohydrates မြင့်မားသော အစားအသောက်များကဲ့သို့ဆိုးကျိုးများ မရှိပဲ ခန္တာကိုယ်ကို အားအင် ဖြစ်စေပါတယ်။ Beet root ဟာ အရက်နာကျခြင်းအတွက် အလွန်ကောင်းသည့်အပြင် အရက်ချိုးများကိုလဲ သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN

ree

 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page