top of page
Search

APPLE (ပန်းသီး)

  • Writer: MooN
    MooN
  • Mar 16, 2019
  • 1 min read

ပန်းသီးဟာ ကျွန်မတို့ နေ့စဉ်ဘဝရဲ့ အနီးဆုံးမှာရှိနေတဲ့ အရသာရှိပြီး vitamins ကြွယ်ဝတဲ့ အသီးဖြစ်ပါတယ်။ ပန်းသီးမှာ 85% က ရေဓာတ် ဖြစ်ပြီး ကျန်တာတွေကတော့ အသုံးဝင်တဲ့ vitamins တွေနဲ့ minerals တွေပဲ ဖြစ်ပါတယ်။ ပန်းသီးသည် Vitamin C ကြွယ်ဝတဲ့ အစားအသောက်တွေထဲမှာလဲ အပါအဝင်ဖြစ်ပါတယ်။

ပန်းသီးဟာ သဘာဝ ဝမ်းနှုတ်ဆေး ဖြစ်ပါတယ်။ ပန်းသီးရဲ့အရည်ဟာ အူမကြီးရဲ့ လှုပ်ရှားမှုကို မြှင့်တင်ပေးပြီး ပန်းသီးကိုနေ့စဉ်စားသုံးခြင်းဖြင့် အူမကြီး လှုပ်ရှားမှုကို အထောက်အကူဖြစ်တဲ့အပြင် အူနံရံကြွက်သားတွေကို သန်မာစေပါတယ်။ ပန်းသီးရဲ့ အခွံဟာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေကို 43% လျှော့ချပေးပြီး အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို 57% လျှော့ချပေးပါတယ်။


ree

Asthma ရှိတဲ့ကလေးတွေမှာ လေ့လာတွေ့ရှိချက်ကတော့ ပန်းသီးဖျော်ရည် တနေ့တခွက်သောက်တဲ့ကလေးက တလမှာ တခွက်သောက်တဲ့ကလေးထက် အသက်ရှုကျပ်တာ ပိုသက်သာတာ တွေ့ရှိရပါတယ်။ နောက်ထပ် တွေ့ရှိချက်တခုကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ပန်းသီး ပုံမှန်စားတဲ့ မိဘကမွေးတဲ့ ကလေးတွေက ပန်းသီးအနည်းငယ်ပဲစားတဲ့ မိဘကမွေးတဲ့ ကလေးတွေထက် Asthma ဖြစ်နိုင်ချေ ပိုနည်းတာပါပဲ။

ပြင်သစ်မှ လေ့လာသူတွေ တွေ့ရှိချက်ကတော့ ပန်းသီးတွေမှာသာ အများဆုံးတွေ့ရတဲ့ Phloridzin လို့ခေါ်တဲ့ flavonoid ဟာ သက်လတ်ပိုင်းအမျိုးသမီးတွေ သွေးဆုံးခါနီးဖြစ်တတ်တဲ့ အရိုးပွရောဂါကို ကာကွယ်ပေးပြီး အရိုးရဲ့ သိပ်သည်းမှုကို မြှင့်တင်ပေးပါတယ်။

ပန်းသီးဖျော်ရည် 1kg မှာ boron 1.88mg ကနေ 2.41mg အထိ ပါပါတယ်။ ပန်းသီး ဒီတိုင်း ကိုက်စားမယ် ဆိုရင်တော့ ပန်းသီး 1kg မှာ boron 2.38mg ကနေ 2.73mg အထိ ပါပါတယ်။


ree

Boron ရဲ့ အကျိုးကျေးဇူးတွေကတော့ -အာရုံစူးစိုက်နိုင်စွမ်းနဲ့ ဦးနှောက်စွမ်းရည်ကို မြင့်စေခြင်း -အဆစ်ရောင်ရောဂါကို ပြန်လည် တိုက်ခိုက်ခြင်း -အရိုးများကို သန်မာစေခြင်း -ခန္တာကိုယ်ထဲရှိ hormones တွေကို မျှတစေရန် ထိန်းညှိပေးခြင်း -ကျန်းမာသော ကြွက်သားများ ဖြစ်ပေါ်စေခြင်း -မှိုရောဂါ များကို ကာကွယ်ပေးခြင်း၊ ကုသပေးခြင်း -အနာကျက်မြန်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးခြင်း -ဆီးချိုရောဂါကို တိုက်ခိုက်ခြင်း တို့ပဲ ဖြစ်ပါတယ်။

Cornell University မှာ ကြွက်များနဲ့ စမ်းသပ်ရင်း တွေ့ရှိချက်ကတော့ ပန်းသီးဟာ brain cells တွေပျက်စီးပြီး Alzheimer's disease ဖြစ်စေမှုကို ကာကွယ်ပေးပါတယ်။ အဲ့ဒီ့ အပြင် တနေ့ ပန်းသီး ၁လုံးစားသူတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ 17% လောက် နည်းပါးစေပြီးတော့ ပန်းသီး ၃လုံးစားသူတွေမှာ 39% ၊ ၆လုံး စားသုံးသူတွေမှာတော့ 44% နည်းပါးစေတာလဲ တွေ့ရှိရပါတယ်။

ပန်းသီးမှာပါဝင်တဲ့ vitamins A & C က အသားအရည် တွဲကျခြင်း၊ တင်းတင်းရင်းရင်း မရှိခြင်းကို ကာကွယ် ပေးပါတယ်။ Copper ကတော့ အသားအရည်ကို စိုပြေ ကြည်လင်စေပါတယ်။ ၁ရက်ကို ပန်းသီး ၂လုံး စားပေးခြင်းဖြင့် cholesterol ကို 16% ကျဆင်းစေပါတယ်။ ပန်းသီး များများစားပေးခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကိုလည်း ထက်ဝက်ခန့် ကျဆင်းစေပါတယ်။

အသီးအနှံများကို စားသုံးကြရင်း ကျန်းမာလှပနိုင်ကြပါစေ🙏

ချစ်တဲ့ MooN

 
 
 

Comments


Post: Blog2_Post

Follow

  • Facebook

©2019 by MooN

bottom of page